Thursday, December 20, 2007

:-(

စိတ်ညစ်ရပါတယ်... blogger ကိုပိတ်ထားတော့ ဖတ်တဲ့သူအရမ်းရှားပါးသွားပြီပေါ့... ကျောင်းတက်ရတော့မယ်...

Sunday, November 25, 2007

နားလို့ကောင်းတုန်း

နားလို့ကောင်းတုန်း

2nd Year မစခင် ကျောင်းပိတ်ထားတုန်း၊ ကျောင်းပိတ်ရက်ကိုကောင်းကောင်း အသုံးချနေပါတယ်။ အိပ်လိုက်၊ စားလိုက်၊ ဂိမ်းဆော့လိုက်၊ အင်တာနက်သုံးလိုက်နဲ့လေ။ ခရီးတောင်ထွက်လိုက်သေး။ သူငယ်ချင်းတွေနဲ့ သိပ်မတွေ့ ဖြစ်တာ၊ သတိရတာ ကလွဲရင် အားလုံးကောင်းပါတယ်။ အထူးသဖြင့် October တုန်းက စာမေးပွဲတွင်းမှာ ကဲထားတဲ့ဖုန်းခတွေ သက်သာလို့။ December မှာ ကျူရှင်ဖွင့်ရင် ဒီလိုအနားရတာတွေ လျော့ပါးသွားမှာ။ ကျောင်းဖွင့်ရင်တော့…။ စာအုပ်တွေက စားပွဲပေါ်မှာ ရောက်နေပြီ။ ဒါပေမဲ့ မျက်နှာလွှဲထားတုန်း။

ရာသီဥတုက သာယာတယ်။ နံနက်စောစောဆိုရင် အိပ်လို့ကောင်းတယ်။ ညနေဆိုရင် လည်း လေပြေလေညင်းလေးတွေနဲ့။ ဟိုဟိုဒီဒီ လျှောက်လိမ့်လို့ရတယ်။ ညဆိုရင်ကောင်းကင်က တော်တော်ကြည်လင်တယ်လေ။ ကြယ်တွေစုံလို့။ ကြယ်တွေကြွေတာကိုတွေ့ရတယ်။ ဆုတွေလည်းတောင်းတယ်။ ပြီးတော့ Blog Postလေးဘာလေးရေး။ သန်းခေါင်ကျော်မှ အိပ်ရာဝင်ဖြစ်တာ။

Thursday, November 8, 2007

1st M.B ပြီးခဲ့ပြီ

1st Year စာမေးပွဲ အတွေ့အကြုံတွေက http://htoolaminn.blogspot.com မှာ……

၂၄.၁၀.၂၀၀၇၊ နေ့လည် ၂နာရီခန့် ၊ လမ်းမတော်ဆေးကျောင်းကို အသွား၊ ကားပေါ်မှာ 1st M.B ပြီးမြောက်ကြောင်း ဖုန်းကတစ်ဆင့် ကြားသိခဲ့ရပါတယ်။ သူပြောပေလို့ပေါ့။ မဟုတ်ရင် သွားကြည့်ရမှာတောင်ခပ်လန့်လန့်။ ဖြေလည်းဖြေ နိုင်သားနဲ့ တကယ်တမ်းကျတော့လည်း။ ပြီးတော့ ဖုန်းတွေလိုက်ဆက်။ ဖုန်းတွေလည်းဝင်လာတယ်။ ဟုတ်ကဲ့။ အောင်ပါတယ်။

သိပ်တော့ထူးထူးခြားခြားပျော်မနေပါဘူး။ ပုံမှန်ပါပဲ။ ဆေးကျောင်းအကြောင်း သိသူတွေကပြောကြတယ်။ တကယ့်ဆေးကျောင်း Life က 2nd M.B ရောက်မှသိမှာတဲ့။ သင်ရတဲ့ဘာသာရပ်တွေကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆေးကျောင်းမှာ အခက်ဆုံးက 2nd M.B နဲ့ Final Part 2။ ခက်ဆိုလည်းခက်ပေါ့။ ကျက်ရုံပေါ့။

October တစ်လလုံးစာမေးပွဲ၊ Practical စာမေးပွဲတွေနဲ့ လုံးပမ်းခဲ့ရတာ။ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။ November ကျတော့လည်းပျင်းဖို့ကောင်းနေပြန်ပြီ။ ကျူရှင်အားလုံး December စမယ်လေ။

လွမ်းတယ်……ကျောင်းကို……

Saturday, September 22, 2007

မိုးတွေ..မိုးတွေ

ဒီရက်ပိုင်းရောက်မှ ရန်ကုန်မှာ မုန်တိုင်းဝင်လာတယ်။ တစ်ရက်နှစ်ရက် ဆက်ရွာ လိုက်တာ အခြေအနေတွေဆိုးကုန်ပြီ။ ရေကြီးတယ်၊ ရေလျှံတယ်။ ကားတွေလည်း လမ်းပိတ်ကုန်တယ်။ အိမ်မှာတော့မီးပျက်တယ်။ ဖုန်းဆက်မေးတော့ Transformer တွေ Meter box တွေ ရေမြုပ်လို့ မီးဖြတ်ထားတယ်တဲ့လေ။မီးပျက်တာကိုအကြောင်းပြပြီး စာမကျက်ဘူး။ ကျက်ရင်လည်းဖြစ်ရဲ့ သားနဲ့။တစ်နေကုန်မိုးကစွေ၊ စိတ်ကလေနေတော့၊ အိပ်ရာထဲမှာပဲခွေနေတာပေါ့။အိမ်အပြင်မှာ ရေကြီးတဲ့နေရာတွေမှာ ယောက်ယက်ခတ်နေမှာပေါ့။စာစုကျက်ကြရင်း သူငယ်ချင်းတစ်ယောက်ရဲ့  Nokia 5300 ဖုန်းတော့ရေထဲ ပလုံ သွားခဲ့တယ်။ ပါရမီက လူကြီးမင်းဖုန်းဆိုင်ကလည်း ရေကြီးနေလို့ ပိတ်ထားတယ်။ သိပ်ဝေးဝေးလည်းမသွားနိုင်တော့ အိမ်မှာ Dryer နဲ့ပဲ ပြီးလိုက်ရတယ်။အခုဆိုရင် အိမ်မှာပဲ နေပြီး စာကျက်နေကြပြီ။ October ၄ ရက်နေ့ လမ်းမတော်ဆေးကျောင်းမှာ ရာသီဥတုသာယာပါစေလို့ဆုတောင်းရင်း......

Sunday, September 16, 2007

ဆေးကျောင်းသားနဲ့စာမေးပွဲ

ဆေးကျောင်းသားနဲ့စာမေးပွဲ

ဆေးကျောင်းသားနဲ့စာမေးပွဲ ဆိုတာခွဲလို့မရသလိုပါပဲ။ ခုလည်း Theory Test 2 ဖြေပြီး တစ်လအကြာမှာ Final Exam ဖြေရတော့မယ်။ ပျော်စရာကြီး။

အစအဆုံးဖြေရမှာ။ တစ်အုပ်လုံးစာပေါ့။ မေးခွန်းကို တော့ မန္တလေးဆေးကျောင်းကထုတ်မှာ။

ဒီတော့ကိုယ့်ဆရာတွေလည်းသိပ်မသေချာတော့ဘူးပေါ့။

အချိန်မရှိတော့ဘူး။ စာရတဲ့ကျောင်းသူတွေကတော့အေးဆေးပေါ့။

Wednesday, September 5, 2007

ပထမဆုံး Post

ဆေးတက္ကသိုလ် (၁) ပထမနှစ် M.B.B.S ကျောင်းသားတစ်ယောက် ရဲ့ Blog

ပထမဆုံး blog post :-)

ရန်ကုန်၊ သထုံလမ်း၊ ဆေးတက္ကသိုလ် (၁) ပထမနှစ် M.B.B.S ကျောင်းသားတစ်ယောက် ရဲ့ အတွေ့ အကြုံ အနည်းငယ်လောက်ပါ။

ကျောင်းဖွင့်ကတည်းက blog ရေးချင်ခဲ့ပေမယ့် June လရောက်မှရေး ဖြစ်ခဲ့ပါတယ်။

စာနည်းနည်းများပေမယ့် တစ်ပတ်၊ နှစ်ပတ်မှာ တစ်ခါလောက်တော့ update လုပ်ပါမယ်။

ဒီအတော အတွင်း Practical Test တစ်ခု၊ Theory Test တစ်ခု ပြီးသွားပြီ။

အခုချိန်က စ ပြီး လက်လှမ်းမီ သလောက် ရေး တင်ပါမယ်။

1st year ဘာသာတွေ

Myanmar

English

Mathematics

Chemistry

Physics

Botany

Zoology

2nd year ဘာသာတွေ ကို May နဲ့ June မှာသင် တယ်။ သိပ်တော့မလွယ်ဘူး။

Biochemistry

Physiology

Anatomy

June 25 ဆို ရင် 2nd year စာတွေ စာမေးပွဲ စစ်ပြီ။

ကျောင်းပြန်သွားတယ် :-)

June 1 က ကျောင်းဖွင့်ဖွင့်ချင်း ပဲ ကျောင်းကိုသွားလည်တယ်။ သထုံလမ်းနဲ့ TTC က အနီးဆုံးတွေပါပဲ။ ကျောင်းနဲ့ တက္ကသိုလ်နဲ့ အငွေ့ အသက်ချင်း ကွာလှပါတယ်။ ကျောင်းကပိုနွေးထွေးတယ်။ တက္ကသိုလ်က ပိုလွတ်လပ်တယ်။ တစ်မျိုးစီကောင်းကြပါတယ်။ ကျောင်းမှာညီညာစုစည်းခဲ့သမျှ တက္ကသိုလ် မှာ အရောင်စုံ ကွဲပြား သွားပါတယ်။ Teacher တွေ ရဲ့ စကားတွေကို ပြန်နားထောင်ခဲ့ ကြတယ်။ Teacher တွေ ပေးတဲ့ မုန့် ဖိုးနဲ့ Canteen မှာအ၀ စားခဲ့ကြ တယ်။ ပြန်ဖို့ အချိန်ရောက်တော့ ကျောင်းက ပြန်မထွက်ခွာချင်ခဲ့ပြန်ဘူး။ အဖြူ အစိမ်း ကျောင်းဝတ်စုံနဲ့ နေ့ ရက်တွေ မရှိတော့ဘူး။

Biochemistry tutorial :-)

Biochemistry က Chapter ၃ ခု tutorial ၂နာရီ စာ စစ်တယ်။ 2nd M.B ဘက်မှာ စာသွားကျက် လိုက်သေးတယ်။ (၁ ယောက် တည်း တော့ မဟုတ်ဘူးပေါ့) Question ၁၀ ပုဒ် မှာ ၉ ပုဒ် လောက် တော့ ဖြေ ခဲ့တယ်။ (အချိန်မမီဘူး) ။ ဒါပေမယ့် အချိန်စေ့ ဖို့ နာရီဝက်လောက် အလို စာမေးပွဲခန်းထဲမှာ ၅ ယောက် တောင် မကျန်တော့ ဘူး။ Tutorial ဆိုတော့လည်း ဒီလိုပါပဲ။ ဒါပေမယ့် အများကြီး ရေးပြီး အမှတ်နည်း တာလည်း ရှိ တယ်။

Mobile Phone တွေ :-)

ကျွန်တော် တို့ ကျောင်းဝင်းထဲမှာ GSM phone တွေ network တော်တော် မမိဘူး။ တစ်ထပ် အဆောက်အုံ နဲ့ သစ်ပင်တွေကြောင့်လို့ ထင်ပါတယ်။ Open Air ရှိ တဲ့နေရာ ကိုထွက်ရ တယ်။ Section ခန်းတွေထဲမှာ Bluetooth တွေဖွင့်ပြီး မသိတဲ့ လူအချင်းချင်း File တွေ share ကြ တာလည်း တစ်မျိုးပါပဲ။ ကျွန်တော်က သူငယ်ချင်းတွေနဲ့ Game တွေ share တယ်။

Practical နဲ့ မိုး :-)

1st M.B ဘက်မှာ Apparatus တွေမရှိလို့ Practical အချိန်ဆိုရင် 2nd M.B ဘက် ကို ကူးကြ ပါတယ်။ လမ်းလျှောက် ရင်း မိုးမိရင် မလွယ်ဘူး။ အ၀တ်တွေ စာအုပ်တွေ ပါစိုကုန် တယ်။ ကျွန်တော်က တော့ထီးရော မိုးကာ ပါသယ်တာပဲ။ တချို့ ရက်တွေ ဆို ရင် ည ၇ နာရီ ခွဲ လောက် အထိ ကျူ ရှင် တက်ရဦး မှာ။ ကျူရှင် မတက်ရင် လည်း စာတွေသိပ်နားမလည်ဘူး။ ကျောင်းမှာ လူများလို့ ။

Time Management :-)

ဆေးကျောင်းနဲ့ ကျူရှင် ကို ပုံမှန်တက်ရင် အချိန်သိပ်မပိုဘူး။ တစ်ချို့ ရက်တွေ မှာ ၉နာရီ ကနေ ၃နာရီခွဲ လောက်အထိ ကျောင်းတက် ၊ ပြီးတော့ ကျူရှင် ၂ချိန်လောက် ဆက်တက် ၊ ည အိမ်ရောက်တော့ down ပြီ။ (လူကသိပ် fit မဖြစ် တာလည်းပါတယ်) Weekend တွေမှာ နေ့ တစ်ဝက်လောက်က ကျူရှင်။ ကျောင်းစာအပြင် internet သုံးတာ၊ စာဖတ်တာ၊ အပြင်သွားတာတွေကို သိပ်မလုပ်ရဘူး။ အချိန်ကို ကောင်းကောင်းခွဲဝေတတ်ဖို့ လည်း အရေးကြီးပါတယ်။ အခုတော့တော်တော်လေး ကျင့်သားရနေပါပြီ။

Biochemistry tutorial လာပြန်ပြီ :-)

စစ်ထားတာနှစ်ပတ် တောင်မရှိသေးဘူး။ Biochemistry က နောက်ထပ် Chapter ၃ ခု tutorial ၁နာရီ ခွဲစာ စစ်ပြန်တယ်။ ဒီတစ်ခါ Multiple Choice ပါလာတယ်။ Minus System ၊ ပြီးတော့ လည်း 2nd year ကို carried over ဆိုတော့ သိပ်တော့ မရမ်းရဲ ဘူး။ Multiple Choice ပထမဆုံးအနေနဲ့ Test လို ဖြေဖူးတာပါ။ အဲဒီညနေက ပထမစစ်တဲ့ Tutorial result တွေသွားကြည့် တယ်။ အောင်ပါတယ်။

DOTA နဲ့ ကျောင်းသားတွေ :-)

DOTA (Defense Of The Ancients) ဆိုတဲ့ Hero တွေ ပစ္စည်း (item) တွေ ဆက်ပြီး တိုက်ကြ တဲ့ Computer Game (ပြောရ ရင်တော့ e-sport တစ်မျိုးပါ) ကိုယောက်ျားလေး တွေကြိုက်ကြတယ်။ တချို့ ဆိုရင်ကျောင်းတွေ ကျူရှင်တွေလစ်ပြီး သွားကြတယ်။ ကျွန်တော် လည်းကစားပါတယ်။ ဒါပေမယ့် အတိုင်းအတာ တစ်ခုအထိ ပဲ အကျိုးပြုပါတယ်။ အလွန်အကျွံ မဖြစ်သင့်ဘူး။ ဒါကြောင့် ကျွန်တော် DOTA ခုတ်တာ မကျွမ်းကျင်ဘူး။

Physiology စာအုပ်တွေ ပြန်ရတယ် :-)

တော်သေးတယ်။ သောကြာနေ့ က Physiology တစ်ချိန်တက်ပြီး Textbook နဲ့ MCQ စာအုပ် ဘယ်မှာ ထားမိမှန်းမသိဘူး။ စနေနေ့ ရောက်မှ သိတယ်။ တနင်္လာနေ့ ရောက်တော့ စာအုပ် တွေက ရုံးခန်းမှာ။ တခြားစာအုပ် တွေနဲ့ ရောနေတာ။ ကံကောင်းလို့ ။ အရေးကြီး Notes တွေအပြည့် နဲ့ Physiology Textbook ကို 2nd M.B ဘက်မှာ ပျောက်သွားတဲ့ကောင်မလေးလောက်တော့ ကံမဆိုးသေးဘူးပေါ့။(တကယ်ပါပဲ)။ ကျူရှင် တစ်ချိန် စာတော့လွတ်သွားတယ်။