Thursday, November 8, 2007

1st M.B ပြီးခဲ့ပြီ

1st Year စာမေးပွဲ အတွေ့အကြုံတွေက http://htoolaminn.blogspot.com မှာ……

၂၄.၁၀.၂၀၀၇၊ နေ့လည် ၂နာရီခန့် ၊ လမ်းမတော်ဆေးကျောင်းကို အသွား၊ ကားပေါ်မှာ 1st M.B ပြီးမြောက်ကြောင်း ဖုန်းကတစ်ဆင့် ကြားသိခဲ့ရပါတယ်။ သူပြောပေလို့ပေါ့။ မဟုတ်ရင် သွားကြည့်ရမှာတောင်ခပ်လန့်လန့်။ ဖြေလည်းဖြေ နိုင်သားနဲ့ တကယ်တမ်းကျတော့လည်း။ ပြီးတော့ ဖုန်းတွေလိုက်ဆက်။ ဖုန်းတွေလည်းဝင်လာတယ်။ ဟုတ်ကဲ့။ အောင်ပါတယ်။

သိပ်တော့ထူးထူးခြားခြားပျော်မနေပါဘူး။ ပုံမှန်ပါပဲ။ ဆေးကျောင်းအကြောင်း သိသူတွေကပြောကြတယ်။ တကယ့်ဆေးကျောင်း Life က 2nd M.B ရောက်မှသိမှာတဲ့။ သင်ရတဲ့ဘာသာရပ်တွေကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆေးကျောင်းမှာ အခက်ဆုံးက 2nd M.B နဲ့ Final Part 2။ ခက်ဆိုလည်းခက်ပေါ့။ ကျက်ရုံပေါ့။

October တစ်လလုံးစာမေးပွဲ၊ Practical စာမေးပွဲတွေနဲ့ လုံးပမ်းခဲ့ရတာ။ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။ November ကျတော့လည်းပျင်းဖို့ကောင်းနေပြန်ပြီ။ ကျူရှင်အားလုံး December စမယ်လေ။

လွမ်းတယ်……ကျောင်းကို……

No comments: