Sunday, November 25, 2007

နားလို့ကောင်းတုန်း

နားလို့ကောင်းတုန်း

2nd Year မစခင် ကျောင်းပိတ်ထားတုန်း၊ ကျောင်းပိတ်ရက်ကိုကောင်းကောင်း အသုံးချနေပါတယ်။ အိပ်လိုက်၊ စားလိုက်၊ ဂိမ်းဆော့လိုက်၊ အင်တာနက်သုံးလိုက်နဲ့လေ။ ခရီးတောင်ထွက်လိုက်သေး။ သူငယ်ချင်းတွေနဲ့ သိပ်မတွေ့ ဖြစ်တာ၊ သတိရတာ ကလွဲရင် အားလုံးကောင်းပါတယ်။ အထူးသဖြင့် October တုန်းက စာမေးပွဲတွင်းမှာ ကဲထားတဲ့ဖုန်းခတွေ သက်သာလို့။ December မှာ ကျူရှင်ဖွင့်ရင် ဒီလိုအနားရတာတွေ လျော့ပါးသွားမှာ။ ကျောင်းဖွင့်ရင်တော့…။ စာအုပ်တွေက စားပွဲပေါ်မှာ ရောက်နေပြီ။ ဒါပေမဲ့ မျက်နှာလွှဲထားတုန်း။

ရာသီဥတုက သာယာတယ်။ နံနက်စောစောဆိုရင် အိပ်လို့ကောင်းတယ်။ ညနေဆိုရင် လည်း လေပြေလေညင်းလေးတွေနဲ့။ ဟိုဟိုဒီဒီ လျှောက်လိမ့်လို့ရတယ်။ ညဆိုရင်ကောင်းကင်က တော်တော်ကြည်လင်တယ်လေ။ ကြယ်တွေစုံလို့။ ကြယ်တွေကြွေတာကိုတွေ့ရတယ်။ ဆုတွေလည်းတောင်းတယ်။ ပြီးတော့ Blog Postလေးဘာလေးရေး။ သန်းခေါင်ကျော်မှ အိပ်ရာဝင်ဖြစ်တာ။

No comments: