Wednesday, September 5, 2007

ပထမဆုံး Post

ဆေးတက္ကသိုလ် (၁) ပထမနှစ် M.B.B.S ကျောင်းသားတစ်ယောက် ရဲ့ Blog

ပထမဆုံး blog post :-)

ရန်ကုန်၊ သထုံလမ်း၊ ဆေးတက္ကသိုလ် (၁) ပထမနှစ် M.B.B.S ကျောင်းသားတစ်ယောက် ရဲ့ အတွေ့ အကြုံ အနည်းငယ်လောက်ပါ။

ကျောင်းဖွင့်ကတည်းက blog ရေးချင်ခဲ့ပေမယ့် June လရောက်မှရေး ဖြစ်ခဲ့ပါတယ်။

စာနည်းနည်းများပေမယ့် တစ်ပတ်၊ နှစ်ပတ်မှာ တစ်ခါလောက်တော့ update လုပ်ပါမယ်။

ဒီအတော အတွင်း Practical Test တစ်ခု၊ Theory Test တစ်ခု ပြီးသွားပြီ။

အခုချိန်က စ ပြီး လက်လှမ်းမီ သလောက် ရေး တင်ပါမယ်။

1st year ဘာသာတွေ

Myanmar

English

Mathematics

Chemistry

Physics

Botany

Zoology

2nd year ဘာသာတွေ ကို May နဲ့ June မှာသင် တယ်။ သိပ်တော့မလွယ်ဘူး။

Biochemistry

Physiology

Anatomy

June 25 ဆို ရင် 2nd year စာတွေ စာမေးပွဲ စစ်ပြီ။

ကျောင်းပြန်သွားတယ် :-)

June 1 က ကျောင်းဖွင့်ဖွင့်ချင်း ပဲ ကျောင်းကိုသွားလည်တယ်။ သထုံလမ်းနဲ့ TTC က အနီးဆုံးတွေပါပဲ။ ကျောင်းနဲ့ တက္ကသိုလ်နဲ့ အငွေ့ အသက်ချင်း ကွာလှပါတယ်။ ကျောင်းကပိုနွေးထွေးတယ်။ တက္ကသိုလ်က ပိုလွတ်လပ်တယ်။ တစ်မျိုးစီကောင်းကြပါတယ်။ ကျောင်းမှာညီညာစုစည်းခဲ့သမျှ တက္ကသိုလ် မှာ အရောင်စုံ ကွဲပြား သွားပါတယ်။ Teacher တွေ ရဲ့ စကားတွေကို ပြန်နားထောင်ခဲ့ ကြတယ်။ Teacher တွေ ပေးတဲ့ မုန့် ဖိုးနဲ့ Canteen မှာအ၀ စားခဲ့ကြ တယ်။ ပြန်ဖို့ အချိန်ရောက်တော့ ကျောင်းက ပြန်မထွက်ခွာချင်ခဲ့ပြန်ဘူး။ အဖြူ အစိမ်း ကျောင်းဝတ်စုံနဲ့ နေ့ ရက်တွေ မရှိတော့ဘူး။

Biochemistry tutorial :-)

Biochemistry က Chapter ၃ ခု tutorial ၂နာရီ စာ စစ်တယ်။ 2nd M.B ဘက်မှာ စာသွားကျက် လိုက်သေးတယ်။ (၁ ယောက် တည်း တော့ မဟုတ်ဘူးပေါ့) Question ၁၀ ပုဒ် မှာ ၉ ပုဒ် လောက် တော့ ဖြေ ခဲ့တယ်။ (အချိန်မမီဘူး) ။ ဒါပေမယ့် အချိန်စေ့ ဖို့ နာရီဝက်လောက် အလို စာမေးပွဲခန်းထဲမှာ ၅ ယောက် တောင် မကျန်တော့ ဘူး။ Tutorial ဆိုတော့လည်း ဒီလိုပါပဲ။ ဒါပေမယ့် အများကြီး ရေးပြီး အမှတ်နည်း တာလည်း ရှိ တယ်။

Mobile Phone တွေ :-)

ကျွန်တော် တို့ ကျောင်းဝင်းထဲမှာ GSM phone တွေ network တော်တော် မမိဘူး။ တစ်ထပ် အဆောက်အုံ နဲ့ သစ်ပင်တွေကြောင့်လို့ ထင်ပါတယ်။ Open Air ရှိ တဲ့နေရာ ကိုထွက်ရ တယ်။ Section ခန်းတွေထဲမှာ Bluetooth တွေဖွင့်ပြီး မသိတဲ့ လူအချင်းချင်း File တွေ share ကြ တာလည်း တစ်မျိုးပါပဲ။ ကျွန်တော်က သူငယ်ချင်းတွေနဲ့ Game တွေ share တယ်။

Practical နဲ့ မိုး :-)

1st M.B ဘက်မှာ Apparatus တွေမရှိလို့ Practical အချိန်ဆိုရင် 2nd M.B ဘက် ကို ကူးကြ ပါတယ်။ လမ်းလျှောက် ရင်း မိုးမိရင် မလွယ်ဘူး။ အ၀တ်တွေ စာအုပ်တွေ ပါစိုကုန် တယ်။ ကျွန်တော်က တော့ထီးရော မိုးကာ ပါသယ်တာပဲ။ တချို့ ရက်တွေ ဆို ရင် ည ၇ နာရီ ခွဲ လောက် အထိ ကျူ ရှင် တက်ရဦး မှာ။ ကျူရှင် မတက်ရင် လည်း စာတွေသိပ်နားမလည်ဘူး။ ကျောင်းမှာ လူများလို့ ။

Time Management :-)

ဆေးကျောင်းနဲ့ ကျူရှင် ကို ပုံမှန်တက်ရင် အချိန်သိပ်မပိုဘူး။ တစ်ချို့ ရက်တွေ မှာ ၉နာရီ ကနေ ၃နာရီခွဲ လောက်အထိ ကျောင်းတက် ၊ ပြီးတော့ ကျူရှင် ၂ချိန်လောက် ဆက်တက် ၊ ည အိမ်ရောက်တော့ down ပြီ။ (လူကသိပ် fit မဖြစ် တာလည်းပါတယ်) Weekend တွေမှာ နေ့ တစ်ဝက်လောက်က ကျူရှင်။ ကျောင်းစာအပြင် internet သုံးတာ၊ စာဖတ်တာ၊ အပြင်သွားတာတွေကို သိပ်မလုပ်ရဘူး။ အချိန်ကို ကောင်းကောင်းခွဲဝေတတ်ဖို့ လည်း အရေးကြီးပါတယ်။ အခုတော့တော်တော်လေး ကျင့်သားရနေပါပြီ။

Biochemistry tutorial လာပြန်ပြီ :-)

စစ်ထားတာနှစ်ပတ် တောင်မရှိသေးဘူး။ Biochemistry က နောက်ထပ် Chapter ၃ ခု tutorial ၁နာရီ ခွဲစာ စစ်ပြန်တယ်။ ဒီတစ်ခါ Multiple Choice ပါလာတယ်။ Minus System ၊ ပြီးတော့ လည်း 2nd year ကို carried over ဆိုတော့ သိပ်တော့ မရမ်းရဲ ဘူး။ Multiple Choice ပထမဆုံးအနေနဲ့ Test လို ဖြေဖူးတာပါ။ အဲဒီညနေက ပထမစစ်တဲ့ Tutorial result တွေသွားကြည့် တယ်။ အောင်ပါတယ်။

DOTA နဲ့ ကျောင်းသားတွေ :-)

DOTA (Defense Of The Ancients) ဆိုတဲ့ Hero တွေ ပစ္စည်း (item) တွေ ဆက်ပြီး တိုက်ကြ တဲ့ Computer Game (ပြောရ ရင်တော့ e-sport တစ်မျိုးပါ) ကိုယောက်ျားလေး တွေကြိုက်ကြတယ်။ တချို့ ဆိုရင်ကျောင်းတွေ ကျူရှင်တွေလစ်ပြီး သွားကြတယ်။ ကျွန်တော် လည်းကစားပါတယ်။ ဒါပေမယ့် အတိုင်းအတာ တစ်ခုအထိ ပဲ အကျိုးပြုပါတယ်။ အလွန်အကျွံ မဖြစ်သင့်ဘူး။ ဒါကြောင့် ကျွန်တော် DOTA ခုတ်တာ မကျွမ်းကျင်ဘူး။

Physiology စာအုပ်တွေ ပြန်ရတယ် :-)

တော်သေးတယ်။ သောကြာနေ့ က Physiology တစ်ချိန်တက်ပြီး Textbook နဲ့ MCQ စာအုပ် ဘယ်မှာ ထားမိမှန်းမသိဘူး။ စနေနေ့ ရောက်မှ သိတယ်။ တနင်္လာနေ့ ရောက်တော့ စာအုပ် တွေက ရုံးခန်းမှာ။ တခြားစာအုပ် တွေနဲ့ ရောနေတာ။ ကံကောင်းလို့ ။ အရေးကြီး Notes တွေအပြည့် နဲ့ Physiology Textbook ကို 2nd M.B ဘက်မှာ ပျောက်သွားတဲ့ကောင်မလေးလောက်တော့ ကံမဆိုးသေးဘူးပေါ့။(တကယ်ပါပဲ)။ ကျူရှင် တစ်ချိန် စာတော့လွတ်သွားတယ်။

No comments: